ondragstart="return false" onselectstart="return false"

Saturday, December 29, 2012

မဲဆောက်နိုင်ငံရေးဂွင်ပြောင်းပြီလား ????

-ထွန်းအောင်ကျော်
-၂၇.၁၂.၂၀၁၂

မြန်မာနိုင်ငံရေးအပြောင်းအလဲကတော့ အတော်မျက်စိရှုပ်စရာကောင်းနေတယ်။ အံ့တော့မအံ့သြပါဘူး။
အထူးသဖြင့် နယ်စပ်အသွင်ပြောင်းကာလကိုမြင်ရတာ အတော်စိတ်ဝင်စားစရာကောင်းပါတယ်။
၈၈ကထဲက နိုင်ငံရေးလုပ်လာတဲ့သူတွေထဲမှာ နိုင်ငံရေးတခုထဲကို ဇောက်ချလုပ်ရင်း ချမ်းသာသွားတဲ့ သူတွေလက်ချိုး ရေလို့ ရပါတယ်။


ဧရာဝတီ အွန်လိုင်း ၀က်ဆိုက် ပိုင်ရှင် ချင်းမိုင်မှာ ထိုင်းဘတ်သန်းနဲ့ချီတဲ့ပိုင်ဆိုင်မှုများရှိသည်ဟု ထင်ကြေး အပေးခံရသူ အောင်ဇော်

ကိုယ့်ဒူးကိုယ်ချွန်နိုင်ငံရေးမလုပ်ဘဲအလုပ်လုပ်ရင်းကြီးပွါးသွားတဲ့ သူတွေကိုမဆိုလိုပါဘူး။
၈၈ မှာ နိုင်ငံရေး လုပ်ရင်းမဲဆောက်မှာ တိုက်တာ အဆောက်အဦကြီးကိုပိုင်ဆိုင်သွားသူ တယောက်ကတော့ ဆယ်ပြား ကျော်ကျော်လို့ ပြောကြတယ်။ ဆယ်ပြားဘယ်နားကတိုက်ကိုပိုင်တယ် ဆိုတာတော့မသိပါဘူး။
နောက်တယောက် ကတော့ အောင်ဇော်ပါ။

သူတို့နှစ်ယောက်လုံး ကိုယ်ပိုင်ဖိုးဝှီးကားကြီးတွေ တယောက်ကချင်းမိုင်၊ တယောက်က မဲဆောက် နဲ့အတော် အလုပ်ဖြစ်ကြတာ သိရပါတယ်။
အောင်ဇော်ကချင်းမိုင်မှာ ထိုင်းဘတ်သန်းနဲ့ချီတဲ့ အိမ် ဝယ် ထားတယ်လို့ပြောကြတယ်။
အကြားတွေကိုပြောတာပါစုံလဲမစုံစမ်းဘူး၊ လာပြောလို့နားရှိ လို့ကြား နေရ တာ ကိုတင်ပြတာပါ။
ဟုတ်မဟုတ်ကာယကံရှင်တွေအဲဒီမှာနေတဲ့သူတွေသာသိမှာပါ၊
တခါကကော်နယ်တက္ကသိုလ် စာကြည့်တိုက်မှူးက ကျွန်တော့ကို ဧရာဝတီဟာ စီအိုင်အေ အထောက်အပံ့နဲ့လို့ပြောဘူးလို့ မဟုတ်နိုင်ဘူး ထင်တယ်လို့ပြန်ပြောခဲ့ မိဘူးတယ်။

တကယ်တော့ ဆယ်ပြားဟာ အန်အီးဒီကနေ တဆင့် ပိုက်ဆံတွေရနေတာပါ။ အန်အီးဒီဆိုတာကတော့ National Endownment for Democracy ပါ။
သူတို့ က ဆယ်ပြား ဦးစီးနေတဲ့ PDC ကို ရံပုံငွေထောက်ပံ့ပါတယ်။
ဒီငွေက မြန်မာပြည်ဒီမိုကရေစီရရှိဖို့ အတွက်အ ထောက်အပံအကူညီပါ။
အမေရိကန် နိင်ငံသားတွေရဲ့ အခွန် ငွေနဲ့ထောက်ပံထားတဲ့ငွေတွေပါ။

မြန်မာပြည်မှာဘယ်လောက်ဒီမိုကရေစီရလာသလဲ ၊ လူအခွင့်အရေးတွေ ရလာသလဲဆိုတာက ဘယ်နေမှန်းမသိသေးပါဘူး။
ဆယ်ပြား တို့ ကတော့ သန်းနဲ့ချီ ချမ်းသာ နေပါပြီ။
မြန်မာပြည်ဒီမိုကရေစီရရှိ ဖို့ အမေရိကန် က ထောက်ပံငွေတွေ အပေါ် မှာအလွဲသုံးစားမှုတွေကြောင့် အမေရိကန်ကလဲ တော်တော်ကို စိတ်ပျက်နေပါတယ်။

နယ်စပ်မှာတကယ်တိုက်နေတဲ့ အေဘီရဲဘော် တွေနဲ့တခြားရဲဘော်တွေကလဲ စိတ်ပျက်နေကြတဲ့အဖွဲ့ တွေပါ။
ကျော်ကျော်ဦးစီးတဲ့ပီဒီစီတို့  နိင်အောင်ဦးစီးတဲ့ အန်ဒီဒီတို့ဟာ နယ်စပ်မှာငွေကိုရေလို သုံးနေကြတာလူတိုင်းအသိပါ။
လခ မယူပဲ သူတို့ ဘာကြောင့် ဒီလောက်ချမ်းသာလာကြပါသလဲ။
မြောက်ပိုင်း သတ်ဖြတ်မှုမှာ နိင်ငံအောင်ဥက္ကဌဖြစ်ချိန်မှာ ကျော်ကျော်ဟာ ဒုဥက္ကဌ တာဝန်ယူထားခဲ့တဲ့တယ်လို့သိရပါတယ်။
ဒုဥက္ကဌတယောက်ဖြစ်ခဲ့တဲ့ကျော်ကျော်အနေနဲ့လဲမြောက်ပိုင်းကိစ္စမှာပါဝင်ဖြေရှင်းပေးသင့်တယ်၊ ဘာမှမဆိုင်သလိုမနေသင့်ဘူး

အခုဆယ်ပြားရဲ့မင်္ဂလာဆောင်ကို ၈၈က ကိုကိုကြီး နဲ့ ပြုံးချိုတို့က လေကြောင်းနဲ့ ဘန်ကောက် ကနေလာတက် ရောက်ပြီး၊ အံ့ဘွယ်ကျော်နဲ့သက်ဇော် (ဇောက်ထိုး)တို့ကကုန်းလမ်းကနေ မြဝတီမှတဆင့် တကူးတကလာ ရောက် ပြီး ဆယ်ပြားရဲ့ ခန်းနားတဲ့မင်္ဂလာဆောင် ကျင်းပရာ ဝါတာနာ ဗီးလေ့ချ (Watana Village) ဟော် တယ် ကြီးမှာ လာရောက်ားပေးကြတယ်ဆိုတာ သိရတော့ ဆယ်ပြားနဲ့၈၈မျိုးဆက်တို့ကြားမှာ အတော်ရင်းနှီးတဲ့ ဆက်ဆံမှုတွေ အပေးအယူမှုတွေရှိမယ် ဆိုတာခန့်မှန်းနိုင်ခဲ့ပါတယ်။
တခုထူးဆန်းတာကနိုင်အောင်နဲ့ခင်ဥမ္မာတို့မြန်မာပြည်တွင်းကို သွားခဲ့ပေမဲ့ ဆယ်ပြားကျော်ကျော်က မသွားဘဲ သူ့ကိုသာ ၈၈ခေါင်းဆောင်တွေက တကူးတကလာ တွေ့ပြီး နှုတိဆက်ရတာ တွေ့ရတော့ဆယ်ပြားဟာ ၈၈တွေကို အတော်လွှမ်းမိုးထားနိုင်၊ ပေးကမ်းထား နိုင်တယ်လို့ခန့်မှန်းမိတယ်။

ခင်ဥမ္မာကလဲ၈၈တွေကိုပေးခဲ့ကမ်း ခဲ့တာ ဘဲမဟုတ်လား၊
ဒါပေမဲ့ခင်ဥမ္မာက မကဒလူဖြစ်ပြီး ကိုကိုကြီးက ဗကသလူဖြစ်တာတော့ လူတိုင်းသိတယ်။
ဆယ်ပြား မင်္ဂလာဆောင်ကိုနိုင်အောင်နဲ့ခင်ဥမ္မာတို့လင်မယားလဲ လာတယ်လို့သိရတယ်။
နိုင်ငံရေးမှာအမြဲမိတ်ဆွေအမြဲရန်သူဆိုတာမရှိဘူးဆိုတာဒါကိုပြောတာထင်ပါရဲ့။

နောက်ကိုနေမျိုးဇင်တိုရဲ့မြန်မာ့လူမှုဘဝတိုးတက်ဖွံ့ဖြိုးရေးကွန်ယက် နဲ့ ကိုရဲလွင်တို့ရဲ့လွတ်လပ်ငြိမ်းချမ်း ပန်းခင်း လမ်း အဖွဲ့တွေပေါင်းပြီး ဒီကေဘီအေ နယ်မြေမှာ ကျင်းပတဲ့ စတိတ်ရှိုးကို တက်ရောက်ကြတယ် ။
အဲဒီကနေမြဝတီကို သွားပြီးထိုမှတဆင့် မဲဆောက်ကနိုင်ငံရေး အင်အားစုတွေနဲ့တွေကြတာ ဓါတ်ပုံတွေမှာ တွေ့ရတော့ မဲဆောက်နိုင်ငံ ရေး ဂွင်ပြောင်းနေပြီ လားလို့တွေးမိတယ်။

ပိတ်ပင်တားစီးမှုမရှိ ဘဲလွတ်လပ်စွာသွားလာကူးလူး ဆက်ဆံမှုတွေရှိနေ ပြီလား၊
ဒါဟာယာယီလား၊ တကယ်ပွင့်လင်းနေပြီလား စောင့်ကြည့်ရမည်။

တကယ်ပွင့်လင်းလာပြီ၊ ရန်ကုန်နဲ့မဲဆောက်၊ မန္တလေးနဲ့ချင်းမိုင်တိုက်ရိုက် သွားလို့ရပြီး တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းနိုင်ငံရေး အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခွင့်တွေ ပိုပြီးပွင့်လင်း လာခဲ့ရင် တော့ အောက်ခြေ အဆင့်စားပွဲဝိုင်း ဆွေးနွေးပွဲတွေဖြစ်လာနိုင်ပါလိမ့်မယ်။
အဲဒီလိုဖြစ်လာမယ်ဆိုရင်ကြိုဆိုရမှာပါ၊
ဒီလိုမဟုတ်ဘဲနိုင်ငံရေးဂွင်ပြောင်းပြီးဒီမိုကရေစီရေးကို ဘန်းပြပြီးနိုင်ငံခြား ထောက်ပံ့ငွေတွေ ဆက်လက်ရရှိရေး အတွက်ကြိုးစားမှုတွေဆိုရင်တော့ ဒီလို မရိုးသားမှုတွေကို ဆက်လက် ဖ်ါထုတ်သွားရမှာ အားလုံးမှာ တာဝန်ရှိတယ်လို့ဆိုချင်တယ်။

ထွန်းအောင်ကျော်


ဟစ်တိုင်သတင်းစာမျက်နှာမှကူးယူသည်။ http://www.hittai.org/?show=rm&fileid=147&t=home7&id=7

1 comment:

hotladylay@gmail.com said...

ကိုထွန်းအောင်ကျော် ဒီကိစ္စတွေဟာ တော်လှန်ရေးမှာကျဆုံးရခြင်းရဲ့အကြောင်းအရင်းတွေပါ Corruption လို့ခေါ်တဲ့ အဂတိလိုက်စားမှုတွေဟာ စစ်အစိုးရ အဖွဲ့အစည်းမှာသာမက နိုင်ငံရေးအဖွှဲုအစည်းတွေမှာလဲ အများအပြားတွေ့နေကြရတာပါ ၈၈ နောက်ပိုင်း တောခိုကျောင်းသားများအတွက် ဘန်ကောက်မြို့ပေါ်ကနေ ရန်ပုံငွေရှာဖွေရေး ဆေးဝါးရိက္ခာထောက်ပံ့ရေးတွေ တာဝန်ယူကူညီခဲ့တဲ့သူတယောက်အနေနဲ့ တခါတရံ ထမင်းအငတ်ခံပြီး ဘတ်စကားစီး ကောက်ညှင်းပေါင်းနဲ့ကြက်ကင် ၁၅ ဘတ်ဖိုးဝယ်စားပြီးစုဆောင်းပေးခဲ့ပေမဲ့ ထောက်ပံ့ငွေလာယူတဲ့သူတွေက ဘန်ကောက်မှာအေးအေးဆေးဆေး နားချင်ပြီး အစားကောင်းအသောက်ကောင်းနဲ့ မမြင်ဖူးတာတွေမြင်ချင်တွေ့ချင်ပါတယ်ဆိုလို့ ဆောင်ရွက်ပေးရတဲ့အခါ အော့နှလုံးနာပေမဲ့ သူတို့လိုမှ ဘ၀စွန့်တောထဲမှာလက်နှက်ကိုင်တိုက်ရဲလောက်တဲ့အထိ သတ္တိမရှိခဲ့ရတဲ့အတွက် ဒီလိုပဲကြည့်နေခဲ့ရပါတယ် (ဒီကနေ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအစုအဖွဲ့တွေကို စစ်အစိုးရ အနိုင်ယူနေတာဟာလဲ ဒီ Corruption ဆိုတဲ့ လူ့သဲချေကြိုက် ငွေပါပဲ)တခါတခါ ကိုထိန်းအောင်ကျော်လိုပဲ အလွန်စိတ်ပျက်မိပါတယ်

Post a Comment