ondragstart="return false" onselectstart="return false"

Tuesday, December 18, 2012

ကေအိုင်အေ စခန်းအား ထိုးစစ် စင်နေခြင်းနှင့် ပတ်သက်ပြီး သုံးသပ်ခြင်း။

ဆောင်းပါး - Wan Tha

လက်ရှိ အစိုးရသည် ပြည်တွင်းစစ်အား ပြတ်စဲလိုခြင်းမရှိကြောင်းကို ယခု ထိုးစစ်က သက်သေခံလျက်ရှိသည်။ ယခု စစ်ဆင်နေသော လိုင်ဇာ စခန်း အပြင် အခြားသော ကေအိုင်အေ ခံတပ်စခန်းများအား သိမ်းပိုက်နှိုင်ယုံမျှဖြင့် ကေအိုင်အေ-သည် စစ်အစိုးရ အလိုကျ ဒူးထောက် အညံ့ခံမှာ မဟုတ်။

ကေအိုင်အေ ရဲဘော်များအားလုံးအား တယောက် မကျန် ချေမှုန်းနှိုင်ယုံမျှဖြင့်လည်း ကချင်လက်နက်ကိုင် တော်လှန်ပုန်ကန် မှုများသည် ပျောက်ဆုံးသွားမည်မဟုတ်သည်မှာ ရာစုနှစ်ဝက်ကျော်ခဲ့သည့် ပြည်တွင်းတော်လှန်မှု သမိုင်းက သက်သေခံလျှက်ရှိသည်။

ထို့အတူ အခြားသော တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများသည်၎င်း၊ ဒီမိုကရေစီလိုလားကာ တိုက်ပွဲဝင်နေ ကြသော အဖွဲ့အစည်းအသီးသီးတို့အားလည်း ဗမာ့တပ်မတော်မှ တယောက်မကျန် ချေမှုန်းပစ်ယုံမျှဖြင့် ပြည်တွင်း လက်နက်ကိုင်တော်လှန်ရေးသည် ချုပ်ငြိမ်းသွားမည်မဟုတ်ပါ။
ဗမာပြည်၏ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးသမိုင်းတွင် တဗိုလ်ကျ တဗိုလ်တက် စံနစ်ဖြင့် လျောက်လှမ်းခဲ့ကြသည်။ မိမိတို့၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးတို့အတွက် မိခင်ကိုယ်တိုင်က သားများကို တော်လှန်ရေးထဲသို့ လာရောက်အပ်နှံကာ တော်လှန်ရေး အလုပ်ကို လုပ်စေသည့် သမိုင်းများ၊ ကျနော်ဖြတ်သန်းခဲ့သော ကရင့်တော်လှန်ရေးသမိုင်းတွင် များစွာ ရှိပါသည်။

ဒါကြောင့် ဖိနှိပ်မှုတွေ ရှိနေသမျှကာလပတ်လုံး၊ တန်းတူညီတူ အခွင့်အရေးများ မရသမျှ ကာလပတ်လုံး၊ တော်လှန်ပုန်ကန်မှုတွေက ဘယ် အစိုးရတက်တက် ရှိနေမှာဘဲ။
အဲဒီတော့ကာ တကယ်တန်း တိုင်းပြည်အပေါ် အုပ်စိုးသူ အစိုးရများအနေဖြင့် တိုင်းပြည်အပေါ်တွင် စိတ်ကောင်း စေတနာကောင်းထားပါက သဘောထားကြီးစွာထားရှိပြီး အပေးအယူ ညှိနှိုင်း ဆွေးနွေးမှုဖြင့်သာ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နှိုင်မည်ဖြစ်ပေသည်။

ဤသည်ကား မြန်မာပြည်၏ တခုတည်းသော ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်သာတည်း။
ဦးသိန်းစိန်အစိုးရအနေဖြင့် ယခုကလာတိုတွင်း ရရှိထားသော အမည်ကောင်းကို ဆက်လက်ထိန်း သိမ်းစောင့်ရှောက် နိုင်ပါစေ။ တိုင်းပြည်အကျိုးကို ဂတိ သစ္စာရှိရှိ သည်ပိုးနှိုင်ကြပါစေ။

(Wan Tha)

No comments:

Post a Comment