ondragstart="return false" onselectstart="return false"

Saturday, December 22, 2012

လိုင်ဇာကို စစ်ဆင်သော မြစ်ကြီးနား- လိုင်ဇာလမ်းကြောင်း၌ တိုက်ပွဲပြင်းထန်

Written by အဲာပိုန်

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ၏ဌာနချုပ်လိုင်ဇာကို သုံးဖက်သုံးတန်မှ စစ်ဆင်ရန် ကြိုးစားနေသာ အစိုးရ တပ်ဖွဲ့များသည် အဆိုပါလမ်းကြောင်း (၃)ခုထဲမှ မြစ်ကြီးနား- လိုင်ဇာလမ်းပိုင်းဖက်ရှိ ဂန်တောင်ယန်နှင့် မလိကန်လမ်းပိုင်းတွင် ပြင်းထန်သောတိုက်ပွဲများ စတင်ဖြစ်ပွားနေသည်ဟု KIA စစ်ရုံးချုပ်မှ အရာရှိတစ်ဦးက ပြောပါသည်။


“အဲဒီလမ်းကြောင်းမှာ အစိုးရတပ်ဖွဲ့ အင်အား (၄၀၀) ခန့် ရှိမယ်။ သူတို့က မြစ်ကြီးနားကနေ တက်လာတယ်။ ဒါကို ကျနော် တို့က သူတို့တက်လာတဲ့ လမ်းတလျှောက်မှာ ဖြတ်တိုက်နေတယ်။ တိုက်ပွဲကလည်း ပြင်းထန်သလို မနက်ကတည်းကနေ ညနေ (၅)နာရီအချိန်အထိ ဆက်ဖြစ်နေတဲ့အတွက် အစိုးရတပ်တွေ ရှေ့ကိုမတိုးနိုင်သေးဘူး။” ဟု ဆိုပါသည်။

ဤတိုက်ပွဲများ၌ အစိုးရတပ်ဖွဲ့များသည် KIA ၏ မိုင်းကွင်းများနှင့် လက်နက်ကြီးစက်ကွင်းများကြောင့် ထိခိုက်မှုရှိနေပြီး ရှေ့မတိုးနိုင် ခြင်းဖြစ်သည်ဟု KIA ဖက်မှ တွက်ဆထားပါသည်။

ဤစစ်ကြောင်းသည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မြစ်ကြီးနားမြို့မှ စစ်ယာဉ်တန်း (၂၁) စီးနှင့် စစ်အင်အား (၂၅၀) ခန့် သည် ရွှေညောင်ပင် အခြေစိုက်ခမရ (၃၂၁) တပ်စခန်းသို့ ရောက်ရှိလာပါသည်။ ဤလမ်းကြောင်းမှ ဂန်တောင်ယန်သို့ ဆက်လက်ချီတက်ပြီး ကေအိုင်အေ လိုင်ဇာဌာနချုပ်ကို မြောက်ဖက်မှ ထိုးစစ်ဆင်ရန်ဖြစ်ပါသည်။

ဒုတိယလမ်းကြောင်းဖြစ်သည့် ဗန်မော်- လိုင်ဇာလမ်းကြောင်းမှလည်း အထူးတပ်များအပါဝင် တခြားစစ်တိုင်းအသီးသီးမှ ထုတ်နှုတ်ထားသော တပ်ဖွဲ့များတင်ဆောင်ထားသော သဘောင်္ (၂) စီးသည် ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ဗန်းမော်မြို့သို့ ရောက်ရှိလာပါသည်။

ဤတပ်များသည် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ဗန်းမော်- မိုးမောက်- မြို့သစ်လမ်းကြောင်းမှ ဒေါ့ဖုန်းယန်မြို့သို့ ၁၀၅ မမ (၂) လက်နှင့် သံချပ်ကာကား (၂) စီးပါသော စစ်ယာဉ်တန်း (၂၀) စီးဖြင့် ချီတက်လာခဲ့ပါသည်။ ဤစစ်ကြောင်းအား ဒေါ့ဖုန်းယန်မြို့ မရောက်မီ KIA က (၂) ကြိမ်တိုင် ကြားဖြတ် တိုက်ခိုက်ခဲ့ပါသည်။

ဒီဇင်ဘာလ (၂၀) ရက်နေ့ နေ့လည် ၁၂း၄၅ အချိန်တွင် KIO ဗဟိုဌာနချုပ်ဟောင်းအနီးရှိ အစိုးရ နာဖေါ့(Na Hpaw) စစ်စ ခန်းသို့ ရဟတ်ယာဉ်တစ်စီး ရောက်ရှိကာ အချိန်တိုအတွင်း မြစ်ကြီးနားသို့ ပြန်လှည့်သွားခဲ့ပါသည်။

ဒီဇင်ဘာလ (၂၁) ရက်နေ့ နံနက် (၅) နာရီအချိန်တွင်လည်း လက်နက်ကြီးနှင့် အမြောက်ကျည်များ တင်ဆောင်ထားသော စစ်ယာဉ် (၇) စီးသည် ဒေါ့ဖုန်းယန်မြို့မှတဆင့် ခန်းကိုင်တောင်ပေါ်ရှိ အစိုးရအမြောက်တပ်ရင်း (၃၆၄) တပ်စခန်းသို့  ဆက် လက်ချီတက် လာခဲ့ပါသည်။

ဒီဇင်ဘာလ (၂၁) ရက်နေ့ မွန်းလွဲ (၄) နာရီခွဲမှ (၅) နာရီအကြားတွင် ဒေါ့ဖုန်းယန်မြို့နယ်ရှိ ဘွမ်ဆောမ်စခန်းတွင် အခြေပြု ထားသော အစိုးရတပ်ဖွဲ့တို့သည် လဂျားယန်ရှိ ကေအိုင်အေ တပ်စခန်းသို့ လက်နက်ကြီးဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ သည်ဟု KIA ဖက်ကဆိုပါသည်။
ဤသည် KIA လိုင်ဇာဗဟိုဌာနချုပ်သို့ စစ်ဆင်ရန် လမ်းကြောင်း (၃)ခုထဲမှ လမ်းကြောင်းနှစ်ခုတွင် အစိုးရတပ်ဖွဲ့က စတင် တိုက်ခိုက်လာနေပြီး ဖြစ်သည်။ ကျန်သည့်စတန်ပါ -လိုင်ဇာလမ်းကြောင်းသည် လိုင်ဇာစစ်ဆင်ရေး၌ အချက်အခြာကျသော ပင်မစစ်ဗျူဟာ လမ်းကြောင်းဖြစ်ပါသည်။ ဤလမ်းကြောင်းသည် မြစ်ကြီးနား- လိုင်ဇာ နှင့် ဒေါ့ဖုန်ယန်း-လိုင်ဇာလမ်းကြောင်းမှ စစ်ရေး ပြင်ဆင်မှုအခြေအနေအပေါ် မူတည်ပြီး လှုပ်ရှားသွားမည်ဟု ခန့်မှန်းရပါသည်။

အစိုးရတပ်များသည် ဤစစ်ဆင်ရေးအတွက် ရိက္ခာနှင့် စစ်ပစ္စည်းများသယ်ဆောင်ရန် မြစ်ကြီးနားမြို့ပေါ်ရှိ ကချင်ဒေသ ခံအနေများသော ဆင်ခြေဖုံးရပ်ကွက်နှင့် ကျေးရွာများတွင် ပေါ်တာများ လိုက်လံဖမ်းဆီးနေသည်ဟု ဆိုပါသည်။

ဤသို့ကြောင့် အစိုးရ၏ လမ်းကြောင်းသုံးကြောင်းကို အခြေပြုသော လိုင်ဇာစစ်ဆင်ရေးသည် ပြင်းထန်လာဖွယ်ရာရှိနေပါ သည်။ ဤအထဲမှ KIA သည် မြစ်ကြီးနား- လိုင်ဇာလမ်းပိုင်းဖက်ရှိ ဂန်တောင်ယန်နှင့် မလိကန်လမ်းပိုင်းမှ တက်လာသော အစိုးရစစ်ကြောင်းများကို ချေမှုန်းနေပြီးဖြစ်ပါသည်။

အကယ်၍ဤလမ်းကြောင်းမှ အစိုးရစစ်ကြောင်းများ ချေမှုန်းခံရပြီး ဦးကြိုးသွားပါက ယခုဆင်ထားသော အစိုးရစစ်ဆင်ရေး သည်လည်း ယာယီရပ်တန့်သွားဖွယ်ရှိကြောင်း အကဲဖတ်များက ယူဆနေပါသည်။

1 comment:

Unknown said...

I do not think Kachin are nice with politics thing. For that they will have problem discussing about "federalism". The KIO/KIA is now becoming actors for the theory of "Tomas Jefferson" of local conflict. Current the government need these kind of people ( it turn out that people are KIO/KIA) to justify the role of the army (25% in the legislative matter). Good that Karen are not in this situation.

Post a Comment